တနိုင်း၊ မြိုင် နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၂၇ မေ

 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၆ ရက်  ညနေပိုင်းက တနိုင်းမြို့၊ ကင်ဆားရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ မနောကွင်းရှေ့တွင် ကိုထွေး၊ စိုင်းမင်းထွန်းနှင့် မိုးဝင်းတို့အား မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

 

အလားတူ မေ ၂၄ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ မြိုင်-ပခုက္ကူသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၂၅/၇) အနီးတွင် မျိုးဆွေ မောင်းနှင်လာသည့် AD Van အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၇၇ ပြား၊ ငွေကျပ် ၂၀ဝ,ဝ၀ဝ ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မြိုင်မြို့နယ်၊ ကြက်မောက်ကျေးရွာအုပ်စု၊ သန်းဉတောကျေးရွာနေ မျိုးဆွေ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,ဝ၁၉ ပြားကိုလည်းကောင်း။

 

 

ထို့အတူ မေ ၂၅ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ လွန်းကျော်ကျေးရွာအနီး၊ မူဆယ်-မန္တလေး ကားလမ်းတွင်  ကျော်ကိုလတ် မောင်းနှင်ပြီး စိုင်းရဲကျော်သူ(ခ)စိုင်းတူးနှင့် မသီတာခင်တို့ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလို၊ ငွေကျပ် ၅၀ဝဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 

ရဲပြန်ကြား