တနိုင်းမြို့နှင့် ပူတာအိုမြို့၌ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အခမ်းအနားကျင်းပ

တနိုင်း   ၂၁   နိုဝင်ဘာ

ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက တနိုင်းမြို့ ဆင်(မ်)ဆာ့ ရပ်ကွက် အထက(၂ )ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားသည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။ ဖုန်ကန်(ပူတာအို)

အလားတူ ပူတာအိုမြို့၌ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက် )