တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

တွန်းဇံ ဇွန် ၂၄

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တွန်းဇံပြည်သူ့ဆေးရုံနှင့် ကျီခါးတိုက်နယ်ဆေးရုံတို့၌ ယနေ့တွင် Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၃၃)ဦးတွင် ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့် ထပ်မံရရှိသူ (၈)ဦးရှိကြောင်း သိရသည်။

ယနေ့ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ (၁၆၄)ဦးအနက် (၃၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ (၂)ဦးနှင့် ကျီခါးတိုက်နယ်ဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူ (၂)ဦးအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိဘဲ ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၆)ဉီးရှိကြောင်း သိရသည်။

တွန်းဇံမြို့နယ်အတွင်း မေ ၂၇ ရက်မှ စတင်၍ Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၅၄၁)ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ (၃၄၆)ဦး၊ သေဆုံးသူ (၁၅)ဦးရှိကြောင်း သိရသည်။ လက်ရှိတွင် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှု ခံယူလျက်ရှိသူ (၅)ဦး၊ Cyclone Shelter Quarantine ဝင်ရောက်သူ (၇၀)နှင့် ကျီခါးမြို့ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသူ (၂)ဦး၊ Home Isolation / Quarantine ဝင်ရောက်သူ (၃၂)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်ထံမှ သိရသည်။

ဝေဖြိုး(ဇလပ်မြေ)