တပ်ကုန်းမြို့နယ်၌ မီးဘေးသင့်အိမ် မိသားစုဝင်များအား  ထောက်ပံ့စရိတ်များပေးအပ်

တပ်ကုန်း စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ညောင်တုံးအိုင်ကျေးရွာအုပ်စု၊ ကရင်အောင်းကျေးရွာတွင် ဦးချစ်တင်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၃ ပင် x ၄ ပင်)နေအိမ်တွင်  ယမန်နေ့နံနက်ပိုင်က မီးလောင်ပျက်စီးဆုံးခဲ့ရာ  မီးဘေးသင့်အိမ် မိသားစုဝင်များအား  အားပေးစကားပြောကြားခြင်းနှင့် ထောက်ပံ့စရိတ်ပေးအပ်ခြင်းကို စက်တင်ဘာ ၁၇ရက် နံနက် ၁၁ နာရီက  အဆိုပါကျေးရွာ မီးဘေးသင့်အိမ်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥတ္တဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များက မီးဘေးသင့်ခံရသည့်အိမ်ရှင် ဦးချစ်တင် မိသားစုဝင်များအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး၊ ကျေးရွာမှ ရွာသူ၊ ရွာသားများ မီးဘေးသင့်အိမ်အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်အေးအေးနွယ်က အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၁)သိန်း၊ ဆန် ထောက်ပံ့ငွေကျပ် တစ်သောင်းငါးရာနှင့်အတူ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံးတစ်ပုံးအား ဦးချစ်တင်၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင် (ပြန်ဆက်)