တနင်္သာရီ ၃၀ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် စံ(၅)ချက်နှင့်အညီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မဲရုံ(၉၇)ရုံ ရှိပြီး၊ မဲဆန္ဒရှင်ပြည်သူပေါင်း (၈၀၀၀၀)ကျော် ရှိသည့်အနက် မသန်စွမ်းသူမဲဆန္ဒရှင်ပြည်သူ (၉၃) ဦးရှိကြောင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်အောင် စီစဉ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
အမြင်အာရုံမသန်စွမ်းသူ (၁၀)ဦး၊ ဉာဏ်ရည် မသန်စွမ်းသူ (၉)ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းသူ (၅၆)ဦးနှင့် အပြော/အကြား မသန်စွမ်းသူ (၁၈)ဦး၊ စုစုပေါင်းမသန်စွမ်းသူ မဲဆန္ဒရှင် (၉၃)ဦး ရှိကြောင်း၊ ၎င်းမသန်စွမ်းသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များအတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် လူမှုရေးအဖွဲ့အစည်း များဖြင့် ညှိနှိုင်းစီစဉ် ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)