တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှစ်သစ်ကူးဆုမွန်

မိဘပြည်သူများနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ် ခင်ဗျာ။ ၁၃၈၁ ခုနှစ်ကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ မိဘပြည်သူများ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနဲ့ ဖြတ်သန်းခဲ့တဲ့ဖြစ်စဉ် ပေါင်းများစွာထဲမှာ အောင်မြင်တာတွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိကြပါတယ်။ နှစ်ကုန်ခါနီးမှာတော့ မမျှော်လင့်ဘဲနဲ့ Coronavirus(COVID-19) ရောဂါ ပြဿနာတစ်ခု ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရောဂါကပ်ဘေးကြီးကိုတော့ မိဘပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မိဘပြည်သူများရဲ့ စည်းကမ်းတကျ နေထိုင်လုပ်ဆောင်မှုဟာ ဒီကပ်ဘေးကျော်လွန်မှုအတွက် အထောက်အကူရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

၁၃၈၂ ခုနှစ် နှစ်သစ်အခါသမယမှာ မိဘပြည်သူများအားလုံး သောကခပ်သိမ်း ချုပ်ငြိမ်းကြပါစေ၊ မောဟခပ်သိမ်းချုပ်ငြိမ်းကြပါစေ၊ ကောင်းကျိုးလိုအင် ဆန္ဒများ ပြည့်စုံကြပါစေလို့ ကျွန်တော်ထပ်မံဆုတောင်းအပ်ပါတယ် ခင်ဗျာ။