တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

နေပြည်တော် ၂၇ မေ

သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မေ ၂၂ ရက်တွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ မြို့နယ် ၄၄ မြို့နယ်ရှိ နေရာ ၉၄ နေရာများတွင် မီးသတ်ယာဉ်များ၊ မီးသတ်ပစ္စည်းကိရိယာများဖြင့် ဆောင်ရွက်ခဲ့ရာ ပိုးသတ်ဆေးရည် ၇၉ ဂါလန်၊ ပိုးသတ်ဆေးမှုန့် ၂၉ ကီလိုဂရမ်၊ ရေ ၆၄၈၀ ဂါလန် သုံးစွဲခဲ့ပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်