တရုတ်အစိုးရက ကမ်းခြေစောင့်တပ်ဖွဲ့ကို လက်နက်အသုံးပြုခွင့်ပေးအပ်

ပေကျင်း ၂၅ ဇန်နဝါရီ

တရုတ်နိုင်ငံရှိ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် ပြည်ပမှသင်္ဘောများကို ရင်ဆိုင်ရာတွင် လုပ်ပိုင်ခွင့်အသစ်တစ်ရပ်ကို အစိုးရက နိုင်ငံ့ကမ်းခြေစောင့်တပ်ဖွဲ့အား ပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ လာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ ရေပိုင်နက်ထဲသို့ဝင်ရောက်လာသည့် ပြည်ပမှသင်္ဘောများကို ရေပိုင်နက်အတွင်းမှ ထွက်ခွာသွားရန် အတင်းအကျပ် နှင်ထုတ်ခွင့်ရှိမည်ဖြစ်ပြီး အကယ်၍အဆိုပါသင်္ဘောများအနေဖြင့် အမိန့်ကိုမလိုက်နာလျှင် လက်နက်အသုံးပြုခွင့် သို့မဟုတ် သေနတ်ဖြင့်ပစ်ခတ်ပိုင်ခွင့်ရှိကြောင်း သိရသည်။

ထို့ပြင် ကမ်းခြေစောင့် တပ်ဖွဲ့အနေဖြင့် တရုတ်ရေပိုင်နက် သို့မဟုတ် ကျွန်းပေါ်၌ ပြည်ပအဖွဲ့အစည်းများက တည်ဆောက်ထားသည့် အဆောက်အအုံများကိုလည်း ဖြို ဖျက်ပိုင်ခွင့်ရှိတော့မည်ဖြစ်ကြောင်း သိရသည်။ ။

အင်န်အိတ်ချ်ကေ