စက်တင်ဘာ ၁၆
တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် လူဇူမြို့ လူရှမ်းပြည်နယ်ှတွင် ငလျင်ပြင်းအား ၆ ဒသမ ၀ ပမာဏ လှုပ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် သုံးဦးသေဆုံးခဲ့ပြီး အခြားလူ ၆၀ ကို ဆေးရုံသို့ပို့ဆောင်ခဲ့သည်။
ဆေးရုံသို့ပို့ဆောင်သူများအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု သိရသည်။
ငလျင်လှုပ်ခတ်မှုသည် မနက် ၈နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ် ၇၃၇ လုံးပြိုကျခဲ့ပြီး ၇၂ လုံးမှာ ဆိုးဆိုးရွားရွားပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
လူပေါင်း ၆၉၀၀ ကျော်ကိုနေရာသစ်သို့ရွှေ့ပြောင်းပေးခဲ့ပြီး လူပေါင်း ၁၀၀၀၀ ကျော်ကို ယနေ့မနက်အစောပိုင်းက ယာယီအမိုးအကာများသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု ဒေသခံအစိုးရကဆိုသည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် ၂၉ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၅ ဒသမ ၃၄ ဒီဂရီတွင် မနက် ၄ နာရီ ၃၃ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ငလျင်ကွန်ရက်များစင်တာအရ သိရသည်။ ငလျင်လှုပ်ခတ်မှုအနက်သည် ကီလိုမီတာ ၁၀ ရှိကြောင်း ဖော်ပြထားသည်။
ဆက်သွယ်ရေးအခြေခံအဆောက်အဦးအချို့နှင့်ကေဘယ်လ်ကြိုးများ ပျက်စီးခဲ့သည်။
လူဇူမြန်နှုန်းမြင့်ရထားဘူတာရုံကို ပိတ်ထားခဲ့ကြောင်း ရထားအာဏာပိုင်များ၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို