တရုတ်နိုင်ငံ၏ ကိုဗစ် - ၁၉ ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံမှုရှိကြောင်း ဖိလစ်ပိုင်သမ္မတ မှတ်ချက်ပြု

မနီလာ ဇန်နဝါရီ  ၁၉

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ် ဆေးသည် ဘေးကင်းလုံခြုံမှုရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပြီး  တရုတ် ကာကွယ်ဆေးများ ဝယ်ယူရန် အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ်လည်း ကာကွယ်ပြောကြားလိုက်သည်။

သမ္မတဒူတာတေးက ဆီနိုဗက်နှင့် ဆီနိုဖမ်းအပါအဝင်  တရုတ်နိုင်ငံ၏ ကိုဗစ် - ၁၉  ကာကွယ်ဆေးများကို အင်ဒိုနီးရှား၊ တူရကီ၊ အီဂျစ်၊ အာရပ် စော်ဘွားများပြည်ထောင်စု၊ ဘရာဇီး စသည့်နိုင်ငံများတွင် အသုံးပြုနေကြောင်း၊ လက်ရှိအချိန်အထိ အဆိုပါနိုင်ငံများတွင် လူသေဆုံးမှု သတင်းဖော်ပြချက် မရှိသေးကြောင်း ဇန်နဝါရီ   ၁၈  ရက်ညပိုင်း  နိုင်ငံပိုင် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြား လိုက်သည်။

လွန်ခဲ့သောသီတင်းပတ်အတွင်း တရုတ်  ကိုဗစ်-၁၉ ကာကွယ်ဆေး အသုံးပြုမှုများသည်  အစွမ်းထက် ထိရောက်မှု၊   ဘေးကင်းလုံခြုံမှုများ ရှိကြောင်း   ဒူတာတေးက  ပြောကြား လိုက်သည်။

ဖိလစ်ပိုင်အစိုးရသည် ဆီနိုဗက် ကုမ္ပဏီက ထုတ်လုပ်သည့် ကိုရိုနာဗက် ကာကွယ်ဆေး အလုံးရေ ၂၅ သန်းရရှိ ရန် အာမခံထားပြီး အဆိုပါကာကွယ် ဆေးကို ဖိလစ်ပိုင်နိုင်ငံ အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှုအဖွဲ့ထံမှ အရေးပေါ် သုံးစွဲခွင့် ခွင့်ပြုချက် ရရှိထားကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကာကွယ် ဆေးထုတ်လုပ်သည့် ဆေးကုမ္ပဏီ အနည်းဆုံး    ခုနစ်ခုနှင့်    ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်နေပြီး ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ  ၁၄၈  သန်း  ဝယ်ယူရန် ကြိုးစားလျက်ရှိသည်။

ဖိလစ်ပိုင်ပြည်သူ သန်း ၅၀ မှ ၇၀ ကြားနိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။     

ဆင်ဟွာ