တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များနှင့် တရုတ်-မြန်မာဆက်ဆံရေး ခေတ်ကာလသစ်

၂၈ နိုဝင်ဘာ

ဤဆောင်းပါးတွင် ဖော်ပြချက်များသည် ဆောင်းပါးရှင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ အာဘော်သာဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်သစ်များ

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်သစ်များ အကြောင်းဆိုရလျှင် တရုတ်နယ်စပ်က အဖြစ်အပျက် လေးတစ်ခုကို ကျွန်တော် အရင်ဆုံးမျှဝေလိုပါသည်။ ယူနန်ပြည်နယ် ကျင်းဖျင်ခရိုင်တွင်နေထိုင်သည့် ယောင် တိုင်းရင်းသား လယ်သမား ဖန်ကွေ့သည် အသက် ၅၆ နှစ်ရှိပြီဖြစ်သည်။ သူနှင့်အတူ နှစ်ပေါင်း ၃၀ ကျော်ကြာ အဖော်ပြုလျက်ရှိသည့် ဇနီးဖြစ်သူမှာ တရုတ်-မြန်မာနယ်စပ်မြို့လေးမှ အလုပ်သမတစ်ဦး ဖြစ်သည်။ ယခုနှစ် မေလတွင် ကျင်းဖျင်ခရိုင်သည် ဆင်းရဲသောခရိုင် အဖြစ်မှ ကင်းလွတ်ခဲ့ပြီး အိမ်ထောင်စု ၂၇၀၀၀၊ လူဦးရေ ၁၂၀၀၀၀ နီးပါး ဆင်းရဲတွင်းမှ လွတ်မြောက်လာနိုင်ခဲ့ရာ ဖန်ကွေ့တို့ ဇနီးမောင်နှံ၏ဘဝလည်း အပြောင်းလဲကြီး ပြောင်းလဲလာခဲ့ပါသည်။ ယခုအခါ တရုတ်နိုင်ငံအစိုးရ၏ ကူညီဖေးမမှုကြောင့် ဖန်ကွေ့တို့မိသားစုသည် ခိုင်ခံ့သော တိုက်အိမ်၌ နေထိုင်နိုင်ခဲ့ရုံသာမက ငှက်ပျော၊ ရော်ဘာ စိုက်ပျိုးခြင်း၊ ကြက်၊ ဝက် မွေးမြူခြင်းဖြင့် တစ်နှစ်လျှင် တရုတ်ယွမ်ငွေ ၅၀၀၀၀ နီးပါး ဝင်ငွေရရှိလာခဲ့ပါသည်။ ကျင်းဖျင်ခရိုင်သည် ကျွန်တော်အလုပ်လုပ်ကိုင်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆင်းရဲမှုလျှော့ချရေး သတ်မှတ်ခရိုင်တစ်ခုလည်းဖြစ်ရာ ကျင်းဖျင်ခရိုင် ဆင်းရဲမှုမှ လွတ်မြောက်သည့်သတင်းကောင်း ကြားရ သောအခါ ကျွန်တော် အတိုင်းမသိဝမ်းသာမိပါသည်။

သမိုင်းဝင်စွာ ဆင်းရဲမှုမှ လွတ်မြောက်

ကျင်းဖျင်ခရိုင်သည် ယူနန်ပြည်နယ်နှင့် တရုတ် နိုင်ငံ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်ကြီး၏ ပုံရိပ်ငယ် တစ်ခုသာ ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ယူနန် ပြည်နယ်တစ်ခုလုံး၌ လူဦးရေ ၁ ဒသမ ၆၄၉၅ သန်း ဆင်းရဲမှုမှ လွတ်မြောက်ခဲ့ပါသည်။ ယခုနှစ်တွင် ယူနန် ပြည်နယ်သည် သမိုင်းဝင်စွာ ဆင်းရဲမှုမှ လွတ်မြောက် မည်ဖြစ်ပြီး ဆင်းရဲမှုနှင့် နှုတ်ဆက်ခွဲခွာနိုင်တော့မည် ဖြစ်သည်။ တရုတ်တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကျေးလက်ဆင်းရဲသူဦးရေ ၅၅ ဒသမ ၇၅ သန်း ဆင်းရဲမှုမှ လွတ်မြောက်ခဲ့သည်။ တရုတ်နိုင်ငံ သည် “ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ အစီအစဉ်” ဆင်းရဲမှုလျှော့ချရေးရည်မှန်းချက်ကို ၁၀ နှစ် ကြိုတင်အကောင်အထည်ဖော်နိုင်ပြီး ဆင်းရဲမှု တိုက်ဖျက်ရေးစစ်ပွဲကို အောင်နိုင်တော့မည်ဖြစ်သည်။

ရှိသင့်ရှိထိုက်သည့် သဘောတရား

တရုတ်နိုင်ငံသည် မိမိကိုယ်ကို ဆင်းရဲမှုမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသည့်နည်းတူ ဆွေမျိုး ပေါက်ဖော်ညီအစ်ကိုဖြစ်သည့် မြန်မာနိုင်ငံကိုလည်း မမေ့လျော့ပါ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် မြန်မာ နိုင်ငံ နေပြည်တော်ရှိ အေးချမ်းသာကျေးရွာနှင့် မင်းပြင် ကျေးရွာ၌ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစံပြစီမံ ကိန်းကို ဦးဆောင်၍ အကောင်အထည်ဖော်လျက် ရှိပါသည်။ ယမန်နှစ် အောက်တိုဘာလက ကျွန်တော် နေပြည်တော်ရှိ အေးချမ်းသာကျေးရွာသို့ သွားရောက်ခဲ့ဖူးပါသည်။ ယခုနှစ်တွင် ထိုကျေးရွာလေး အသွင်သစ် အမြင်သစ်ဖြင့် ပြောင်းလဲနေပြီ ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်မှ ပေးပို့လာ သော ဓာတ်ပုံကိုကြည့်ရင်း အေးချမ်းသာကျေးရွာ၏ လမ်းများ ရွှံ့လမ်းမှ ကွန်ကရစ်လမ်းအဖြစ် ပြောင်းလဲလာပုံ၊ ရွာသူရွာသားများ သန့်ရှင်းသောသောက်သုံးရေရရှိပုံ၊ ရွာထဲ၌ ရပ်ကွက်ဝန်ဆောင်မှုစင်တာ၊ ဆေးခန်းများ တိုးပွားလာပြီး ဝင်ငွေတိုးကာ ကျန်းမာရေး အာမခံချက်များ ရရှိလာပုံကို ကျွန်တော် ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါသည်။ ယခင်က အပြင်ထွက်အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေရသော ရွာသား ဦးအောင်စိုးဝင်းသည် ဥယျာဉ်ခြံစီးပွား ရေးစီမံကိန်းတစ်ခုကို အမှီပြု၍ မြေငှားနိုင်ခဲ့ပြီး လတ်ဆတ် သော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ခဲ့လေပြီ။ ဤကျေးရွာနှင့် မဝေးလှသည့် မင်းပြင်ကျေးရွာတွင် ရွာသူ ငါးဦးသည် အတတ်ပညာ သင်တန်းတက်ပြီးနောက် အထည်ချုပ်စက်ရုံ၌ အလုပ်ရခဲ့ရာ ဘဝ၏ ပထမဆုံး လုပ်အားခဝင်ငွေ ရရှိခဲ့ပါသည်။ ပြည်သူကိုဗဟိုပြု၍ “တိတိကျကျ ဆင်းရဲမှုလျှော့ချခြင်း”(targeted poverty alleviation)၊ ဖွံ့ဖြိုးမှုပုံစံ ဆင်းရဲမှုလျှော့ချရေးနှင့် ကယ်ဆယ်မှုပုံစံ ဆင်းရဲမှုလျှော့ချရေးတို့ ပေါင်းစပ်ခြင်း စသည့် တရုတ် ဝိသေသဆောင်သော ဆင်းရဲမှုလျှော့ချရေးအတွေ့အကြုံများသည် မြန်မာပြည်သူများကိုလည်း အကျိုးပြုလျက် ရှိပါသည်။ တရုတ်-မြန်မာ အတူလက်တွဲ၍ အတော်အသင့်ချမ်းသာသောလူနေမှုဘဝကို ဖော်ဆောင် ခြင်းသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက် အဝန်း၏ ရှိသင့်ရှိထိုက်သည့် သဘောတရားလည်း ဖြစ်ပါသည်။ 

စီးပွားရေးတိုးတက်မှုနှုန်း ပြောင်းလဲလာ

အတော်အသင့်ချမ်းသာသောလူနေမှုဘဝ ဖော်ဆောင် ရေးအကြောင်းဆိုရလျှင် ၂၀၂၀ ပြည့်နှစ်သည် တရုတ်နိုင်ငံမှ အတော်အသင့်ချမ်းသာသောလူနေမှုဘဝ ဘက်စုံတည် ဆောက်နိုင်သည့်နှစ် ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါ၏ တိုက်ခိုက်မှုနှင့် ရှုပ်ထွေးခက်ခဲလှသည့် ပြည်တွင်း၊ ပြည်ပ အခြေအနေများကို ရင်ဆိုင်ရင်း တရုတ်နိုင်ငံ တစ်နိုင်ငံလုံး သည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းအသီးသီးကို ဘက်ပေါင်းစုံစီမံခန့်ခွဲ တွန်းအားပေးဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ရေးနှင့် လူနေမှုဘဝအခြေအနေများ ပြန်လည် လည်ပတ်လာစေရန် အားကောင်းထိရောက်စွာ တွန်းအားပေးဖော်ဆောင်ခဲ့ရာ ကာလပတ်သုံးခု၏ စီးပွား ရေးတိုးတက်နှုန်းမှာ အနုတ်လက္ခဏာမှ အပေါင်းလက္ခဏာ အဖြစ်သို့ ပြောင်းလဲလာခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး တရုတ်ယွမ်ငွေ ၁၀၀ ထရီလီယံ ကျော်လွန်မည်ဟု ခန့်မှန်းရပါသည်။

တရုတ်နိုင်ငံ၏ အောင်မြင်မှုလျှို့ဝှက်ချက်ကို လူတော် တော်များများက သိရှိလိုကြသည်။ ကျွန်တော်၏အဖြေက တော့ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကြောင့်ပင် ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် လူထုဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်ကို တစိုက်မတ်မတ် လက်ကိုင်စွဲထားသည်။ ပြည်သူလူထု ကောင်းမွန်သောဘဝ၌ နေထိုင်နိုင်ရေးသည် တရုတ်ကွန်မြူနစ်ပါတီ၏ မူလရည်မှန်း ချက်နှင့် သမိုင်းပေးတာဝန် ဖြစ်ပါသည်။ တရုတ်နိုင်ငံသစ် ထူထောင်ခါစက အခက်အခဲများစွာဖြင့် ပြည့်နှက်နေခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူလူထုကို ဦးဆောင်၍ ခြေလက်ဗလာဖြင့် ကြိုးပမ်းအားထုတ်ခဲ့ကာ နှစ် ၇၀ ကြာ ရုန်းကန်တိုက်ပွဲဝင်ခဲ့ပြီးနောက် အတော်အသင့် ချမ်းသာသော လူနေမှုဘဝကို ဘက်စုံတည်ဆောက်နိုင်တော့ မည်ဖြစ်သည်။ တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်ရှိ စန်းကျန့်မြို့ သည် နှစ် ၄၀ အတွင်း တံငါရွာလေးအဖြစ်မှ ခေတ်မီ နိုင်ငံ တကာမြို့ပြကြီးအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲခဲ့လေ သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရှန်ဟိုင်းမြို့ ဖူတုံးဒေသသစ် တံခါးဖွင့်လှစ်၊ ဖွံ့ဖြိုးတိုးတက်ခြင်း နှစ် ၃၀ ပြည့်အထိမ်း အမှတ်အတွက် ကျွန်တော်တို့ ဂုဏ်ပြုခဲ့ကြသည်။ 

ရှန်ဟိုင်းမြို့ ဖူတုံးဒေသသစ်သည် နှစ် ၃၀ အတွင်း ခေတ်မီမြို့သစ်နှင့် ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးအချက်အချာ နေရာအဖြစ် တိုးတက်လာခဲ့သည်။ အထက်ပါ ဖွံ့ဖြိုး တိုးတက်ပြောင်းလဲမှုများသည် တရုတ်နိုင်ငံ မြန်နှုန်းမြင့်ဖွံ့ဖြိုးတိုးတက်မှု၏ စံနမူနာများဖြစ်ပါသည်။ တရုတ်ပြည်သူ လူထုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူး များ အများဆုံးရရှိသူဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ရင်း မိမိကိုယ်ကို ပြီးပြည့်စုံအောင်၊ အရည်အချင်းမြင့်မားအောင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ အဂတိ လိုက်စားမှု လုံးဝပပျောက်အောင် အရေးယူဆောင်ရွက်ရင်း ပါတီသန့်ရှင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများကို ဆက်တိုက် တိုးမြှင့်ဆောင်ရွက်သည်။ ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်ရင်း အားကောင်းသော ရှင်သန်မှုအခွင့်အလမ်းများ နှင့် ခွန်အားများကို တောက်လျှောက်ထိန်းသိမ်းထားသည်။ တရုတ်နိုင်ငံသည် ကပ်ရောဂါ တိုက်ဖျက်ရာ၌ ပြည်သူသာ အဓိက၊ အသက်သာအဓိက ဟူသောအတွေးအခေါ်ကို လက်ကိုင်စွဲခဲ့ရာ ကပ်ရောဂါတိုက်ဖျက်ရေး၏ အရေးပါ မဟာ ဗျူဟာမြောက်ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တရုတ် အမျိုးသာနေ့ အားလပ်ရက်ရှည်အတွင်း တရုတ်ပြည်သူ သိန်း ၆၃၇၀ အေးချမ်းစွာ သွားလာလည်ပတ်နိုင်ခဲ့ရာ ကပ်ရောဂါ တိုက်ဖျက်ရေးအောင်မြင်မှုရလဒ်ကို ထင်ဟပ်နေပါသည်။ ထိုသို့ဖြင့် တရုတ်ပြည်သူလူထုမှ ပါတီ၏ ဦးဆောင်မှု အပေါ် ယုံကြည်မှုနှင့် ထောက်ခံမှုများ ထပ်ဆင့်မြင့်မား လာခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ သည် တရုတ်ပြည်သူများကို ဦးဆောင်၍ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်သစ်၌ စာမျက်နှာသစ်များ မပြတ်ရေးသားနိုင်ပြီး အောင်မြင်မှုအသစ်များ ဆွတ်ခူး နိုင်မည်ဟု ယုံကြည်ပါသည်။

တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းသစ်

“အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက်”ဟု မြန်မာဆိုရိုးစကားတစ်ခု ရှိပါသည်။ သရက်သီးသည် မြန်မာလူမျိုးများ၏ စိတ်နှလုံးထဲ၌ အရသာအရှိဆုံးသစ်သီး ဖြစ်သည်။ မြန်မာ့စိန်တလုံး သရက်သီးသည် မွှေးကြိုင်လှပြီး အရသာ တစ်မူထူးခြား သဖြင့် တရုတ်ပြည်သူ အများအပြားက ကြိုက်နှစ်သက် ကြသည်။ တရုတ်စားသုံးသူများက စိန်တလုံးသရက်သီး ကို “သရက်သီးဘုရင်” ဟု ရင်းရင်းနှီးနှီး တင်စားခေါ်ဝေါ် ကြသည်။ နှစ်စဉ် ဧပြီလမှ ဇွန်လအတွင်း စိန်တလုံး သရက်သီးများ တင်ဆောင်လာသောကားများ တစ်စီးပြီး တစ်စီး တယ်ဟုန်ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ယူနန် ၏ ဈေးဆိုင်များသို့ ရောက်ရှိလာကြပြီး တရုတ်ပြည်သူ တို့၏ နေအိမ်များသို့ ရောက်ရှိလာကြသည်။ ယခုနှစ်တွင် COVID-19 ကပ်ရောဂါ၏ဒဏ်ကို ခံနေရသော်လည်း မြန်မာ့စိန်တလုံးသရက်သီးများ တရုတ်နိုင်ငံသို့ အများ အပြား ရောင်းချနိုင်ခဲ့ပါသည်။ သရက်သီးကုန်သွယ် ရေးသည် တရုတ်-မြန်မာ လယ်ယာထွက်ကုန် ကုန်သွယ် ရေး၏ ပုံရိပ်ငယ်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ တစ်နေ့ ထက်တစ်နေ့ ကြီးမားလာသည့် ပြည်တွင်းဈေးကွက်သည် မြန်မာ့လယ်ယာထွက်ကုန်များအတွက် ကျယ်ပြောသော အလားအလာများ ထောက်ပံ့ပေးနေပါသည်။ 


တရုတ်-မြန်မာ သရက်သီးကုန်သွယ်မှုပုံပြင်သည် ကျွန်တော်တို့က တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခင်း အကျင်းသစ်အကြောင်း နားလည်သိရှိမှုအတွက် ထူးခြား သည့်ရှုထောင့် ထောက်ပံ့ပေးလိုက်ပါသည်။ မကြာသေးမီ ကမှ ပြီးဆုံးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ် မြောက် ဗဟိုကော်မတီ (၅) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးက “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလ (၂၀၂၁-၂၀၂၅) ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံ စီမံချက်ချမှတ်ပေးခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် Real GDP per capita သည် အလယ်အလတ်ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ အဆင့်အတန်းအထိ ရောက်ရှိလာခြင်း၊ အလယ်အလတ် အဆင့် ဝင်ငွေရှိသည့်အုပ်စု သိသိသာသာတိုးများခြင်း၊ ပြည်သူအားလုံး အတူတကွချမ်းသာကြွယ်ဝမှုသည် ပိုမိုသိသာသည့်တိုးတက်မှုရရှိခြင်းဟူသည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်ရည်မှန်းချက်များကို ရှင်းလင်း စွာမျှော်မှန်းခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံက ပြည်တွင်းလည်ပတ်မှုကြီးကို အဓိကထားပြီး ပြည်တွင်း နှင့် နိုင်ငံတကာလည်ပတ်မှုနှစ်ခုဖြင့် အပြန်အလှန် မြှင့်တင်သည့် ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းအသစ်ကို တည်ဆောက်မည်ဖြစ်သည်။ ပြည်တွင်းလည်ပတ်မှုကြီး ကို အဓိကထားခြင်းသည် တံခါးပိတ်၍လည်ပတ်ခြင်း မဟုတ်ဘဲ ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်နှစ်ခု၊ အရင်းအမြစ်နှစ်ခုကို ပိုမိုကောင်းမွန်စွာ အသုံးချပြီး ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက် ပိုမို ကောင်းမွန်စွာချိတ်ဆက်နိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ အနာဂတ် ၁၀ နှစ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ ထရီလီယံ ကျော်ရန် မျှော်မှန်းထားပြီး တရုတ်နိုင်ငံ၏ တံခါးဖွင့်မှုကို ပိုမိုကြီးမားလာကာ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသည်လည်း ပိုမိုများပြားလာမည်ဖြစ် သည်။

တရုတ်-မြန်မာစီးပွားရေးသည် အပြန်အလှန် ဖြည့် စွက်နိုင်မှုစွမ်းရည်မြင့်ပြီး အလားအလာကောင်းမွန် ပါသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိက မဏ္ဍိုင်လုပ်ငန်းဖြစ်သည်။ တရုတ်နိုင်ငံ၏ လူဦးရေသည် ၁.၄ ဘီလီယံကျော်ရှိပြီး အလယ်အလတ်အဆင့်ဝင်ငွေရှိသည့် အုပ်စုသည် လူဦးရေ သိန်းလေးထောင်ကျော်သဖြင့် မြန်မာနိုင်ငံ၏ ဆန်၊ ပဲပုပ်၊ သစ်သီး၊ ကော်ဖီစသည့် ထူးခြား ချက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုအတွက် ကြီးမားသည့်စားသုံးသူဈေးကွက်ကို ထောက်ပံ့ပေးထား သည်။ တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအပါအဝင် လုပ်အား အများအပြားလိုအပ်သည့် လုပ်ငန်းများက မြန်မာ နိုင်ငံသို့ လုပ်ငန်းရွှေ့ပြောင်းမှုလုပ်ဆောင်ပြီး မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်နှင့် ချိတ်ဆက်လိုက်သည်။ မြန်မာနိုင်ငံအစိုးရက အထူးစီးပွားရေးဇုန်၊ စက်မှုဇုန်နှင့် ကုန်ထုတ်လုပ်မှုမြို့သစ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးတို့ကို အင်တိုက်အားတိုက် ဖော်ဆောင်နေပြီး တရုတ်နိုင်ငံက လည်း သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိပါသည်။ ယင်းသည် မြန်မာနိုင်ငံ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှု၊ ပြည်သူလူနေမှုဘဝကောင်းမွန်လာစေမှု၊ စီးပွားဖွံ့ဖြိုး တိုးတက်မှုတို့အတွက်တွန်းအားပေးမည်၊ ဖွံ့ဖြိုးတိုးတက်မှုအခင်းအကျင်းအသစ်၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ တစ်ဆင့်တိုးဈေးကွက်တံခါးဖွင့်ပြီး တရုတ် နိုင်ငံ၏ ပြုပြင်ပြောင်းလဲဖွံ့ဖြိုးတိုးတက်မှုအကျိုးအမြတ်များကို မြန်မာနိုင်ငံနှင့်မျှဝေကာ မြန်မာနိုင်ငံက တရုတ် နိုင်ငံသို့တင်ပို့မှုအတွက် အားအင်သစ် ထောက်ပံ့ပေးမည်ဖြစ် သည်။ တရုတ်-မြန်မာနှစ်နိုင်ငံက ကုန်သွယ်ရေး၊ ကုန်ထုတ် လုပ်မှုစွမ်းရည်၊ အခြေခံအဆောက်အအုံစသည့်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုသည် တစ်ဆင့်တိုး အရည်အသွေး ကောင်းမွန်အဆင့်မြင့်လာပြီး “အပြန်အလှန်အမှီသဟဲ ပြုသည့်” အပြန်အလှန်လိုအပ်သည့်ဈေးကွက် တဖြည်း ဖြည်းဖြစ်လာကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြား သည့် လက်တွေ့ကျအကျိုးကျေးဇူးများ သယ်ဆောင်လာ ပေးပါသည်။

တရုတ်-မြန်မာဆက်ဆံရေးခေတ်သစ်

တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေ ချင်းဆက်စပ်လျက်ရှိပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ကာ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုအလားအလာကြီးမားပြီး ကောင်းမွန်ပါသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်သမ္မတ Mr. Xi Jinping က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး သမိုင်း ဝင်ရလဒ်များ ဆွတ်ခူးရရှိခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင် များက “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွဖော်ဆောင်ရေး၊ တရုတ်-မြန်မာအေးအတူ ပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်ရေးအတွက် သဘောတူညီချက်များရရှိခဲ့သည်။ ယခုနှစ်တွင် COVID-19 ကပ်ရောဂါကို ရင်ဆိုင်ရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံက တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ အပြန် အလှန်ဖေးမကူညီ၍ အေးအတူပူအမျှအသိုက်အဝန်း၏ အနက်အဓိပ္ပာယ်ကို သက်ဝင်လှုပ်ရှားစွာ ဖော်ကျူးလိုက်ပါ သည်။ လက်ရှိတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါစီမံကိန်းများကို တည်ငြိမ်စွာဖော်ဆောင်လျက်ရှိပြီး တရုတ်-မြန်မာနှစ်နိုင်ငံက လျှပ်စစ်ပူးပေါင်းဆောင်ရွက်မှု၊ အမြန်ကားလမ်း၊ ရထားလမ်း အခြေခံအဆောက်အအုံ အပြန်အလှန်ချိတ်ဆက်မှု၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်ဖော်ဆောင်ကာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးကျေးဇူးများ သယ်ဆောင်လာပေး ပါသည်။

မကြာသေးမီကပင် မြန်မာနိုင်ငံက အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ကျွန်တော်တို့က ဝမ်းမြောက်၍ ဂုဏ်ပြုလိုပါသည်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုခေတ်သစ်ကို ဝင်ရောက် တော့မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရာတွင် အခွင့်အလမ်း အသစ်များ တွေ့ကြုံနေရပါသည်။ တရုတ်နိုင်ငံက လာမည့် နှစ်တွင် (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို စတင် ဖော်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံကလည်း နောက်နှစ်တွင် အစိုးရအသစ်ဖွဲ့စည်းကာ ငါးနှစ်တာလုပ်ငန်းအသစ်ကို စတင်တော့မည်ဖြစ်သည်။ စည်းလုံးညီညွတ်စွာ ရောဂါ တိုက်ဖျက်ရေး၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး၊ ပြည်သူများ အကျိုးကျေးဇူး ဖြစ်ထွန်းစေရေးစသည့်နယ်ပယ်များတွင် တရုတ်-မြန်မာနှစ်နိုင်ငံက အတူလက်တွဲရှေ့သို့ချီတက် သည့် မိတ်ဖက်များဖြစ်ပါသည်။

နောက်တစ်လှမ်းအနေဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံက ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် နက်ရှိုင်းစေပြီး အပြန်အလှန်ဖေးမကူညီသည့် ဆွေမျိုး ပေါက်ဖော်စိတ်ဓာတ်ကို ဆက်လက်ဖော်ဆောင်ကာ အပြန် အလှန် ရောဂါတိုက်ဖျက်မှုအတွက် ကြိုးပမ်းဆောင်ရွက်မှု များကို ထောက်ခံအားပေး၍ နယ်စပ်ဒေသ ရောဂါပူးပေါင်း ကာကွယ်ထိန်းချုပ်ရေးကို တိုးမြှင့်သွားမည်ဖြစ်သည်။ ရောဂါတိုက်ဖျက်ရေးပစ္စည်းနှင့် ကာကွယ်ဆေးအပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုကို ဆောလျင်စွာရရှိရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့်အတူ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို စီမံခန့်ခွဲပြီး သမ္မတ Mr. Xi Jinping၏ မြန်မာနိုင်ငံခရီးစဉ်ရလဒ်များကို တက်တက်ကြွကြွဖော်ဆောင်ကာ “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” နှင့် မြန်မာဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ချိတ်ဆက်မှုကို တိုးမြှင့်၍ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေးကို အဓိကထားပြီး နယ်ပယ်အသီးသီး လက်တွေ့ကျပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေကာ အတူတကွဖွံ့ဖြိုး တိုးတက်မှုကို တိုးမြှင့်၍ နှစ်နိုင်ငံပြည်သူများ ဆောလျင်စွာ များပြားစွာ အကျိုးခံစားရစေလိုပါ သည်။ 

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် အပြန်အလှန် အရေးပါ အကျိုးအမြတ်နှင့် အရေးကြီးဂရုပြုမှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် အပြန်အလှန်ထောက်ခံ အားပေးသွားလိုပြီး မြန်မာနိုင်ငံ၏ဆန္ဒကို လေးစား သည့်အခြေခံပေါ်တွင် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်တွန်းအားပေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရာတွင် အပြုသဘောဆောင် သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားလိုပါသည်။

ယခုနှစ်တွင် တရုတ် နိုင်ငံက မြန်မာနိုင်ငံအတွက် “ငဘ” ရုပ်ရှင်ကို ဒစ်ဂျစ်တယ်နည်းဖြင့် ပြုပြင်ပေးလိုက်ပြီး မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအခမ်းအနား၏ အရေးပါရုပ်ရှင်အနေဖြင့် မြန်မာနိုင်ငံ၌ ပြန်လည်ပြသ ခဲ့သဖြင့် ယင်းသည် တရုတ်-မြန်မာ ယဉ်ကျေးမှု ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု၏ ပုံရိပ်ဖြစ်ပါသည်။
 
ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့် ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သာသနာရေး၊ မီဒီယာစသည့်နယ်ပယ် များတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်၍ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် နားလည်မှုနှင့် ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်သွားလိုပါသည်။

ခရီးသွားလာရာတွင် အဖော်မွန်လိုအပ်ပြီး နေထိုင် ရာတွင် အိမ်နီးချင်းကောင်းလိုအပ်ပါသည်။ ကျွန်တော် တို့က မြန်မာနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု အခွင့် အလမ်းကို အမိအရဖမ်းဆုပ်၍ အခက်အခဲစိန်ခေါ်မှုများကို ကျော်ဖြတ်ကာ တရုတ်-မြန်မာဆက်ဆံရေးကို ခေတ်သစ် တွင် ပိုမိုကြီးမားသည့် တိုးတက်မှုများ ရရှိရန် တွန်းအား ပေး၍ နှစ်နိုင်ငံပြည်သူများ အတူလက်တွဲကာ ပိုမိုသာယာ ချမ်းမြေ့သည့် အနာဂတ်သို့ လျှောက်လှမ်းသွားစေလိုပါသည်။ ။