တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး၊  ၂၁  ဇန်နဝါရီ 

 

ရှမ်းပြည်နယ်လွှတ်တော်ရုံးတွင် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်း၊ ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် တင်ကိုကို၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်းက တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမူများကို ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တက်ရောက်လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ကော်မတီ၊ တည်းခိုနေရာချထားရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးကော်မတီ၊ အစည်းအဝေးခန်းမ ပြင်ဆင်ရေးကော်မတီတို့က အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)

 

mdn