ဝက်လက်မြို့၌ သောက်ရေသန့်လုပ်ငန်းနှင့် တားမြစ်ထားသော ဆေးဝါးများ စျေးကွက်အတွင်း ရောင်းချမှုရှိ မရှိစစ်ဆေး

ဝက်လက် ဇန်နဝါရီ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ ယမန်နေ့က သောက်ရေသန့် နှင့် တားမြစ်ထားသော စံမမှီ ဆေးဝါးများ စျေးကွက်အတွင်း ရောင်းချမှု ရှိ မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဝက်လက်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများနှင့် ဆေးဝါးအရောင်းဆိုင်များတွင် ဆေးများဝယ်ယူသောက်သုံး နေသည့် ပြည်သူများ ဘေးဥပါဒ်မဖြစ်စေရေးအတွက် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုရှိ မရှိ ( FDA)  နှင့် တားမြစ်ထားသော စံမမှီသည့်ဆေးဝါများ စျေးကွက်အတွင်း ရောင်းချမှုရှိ မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဝက်လက်မြို့နယ် စားသုံးသူရေးရာ တာဝန်ခံ ဦးမျိုးအောင်၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)