ဝက်လက်၌ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းအတွက် မြေယာလျော်ကြေးပေးအပ်

mdn

ဝက်လက် ၂ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့တွင် ၆၆/၃၃/၁၁ ကေဗွီ (၃၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းအတွက် မြေပိုင်ရှင်အား မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့် ဒုတိယတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်တို့မှ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာအုပ်စု ဘိုတဲကုန်းကျေးရွာအနီး ၆၆/၃၃/၁၁ ကေဗွီ (၃၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းအတွက် မြေပိုင်ရှင် ဒေါ်ကျော်အား ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာအတွက် မြေယာလျော်ကြေး ကျပ်သိန်း ၆၀ဝ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အိမွန်ထွန်း(ပြန်/ဆက်)