ဝမ်းတွင်းဒေသတွင် နှစ်ရှည်သီးနှံ စိန်တစ်လုံးသရက်စိုက်ပျိုးခြင်းဖြင့် တောင်သူများဘဝ အဆင်ပြေလျက်ရှိ

ဝမ်းတွင်း ၃  ဇူလှိုင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် တောင်သူများအနေဖြင့် နှစ်ရှည်သီးနှံဖြစ်သော စိန်တစ်လုံး သရက်မျိုးများ စိုက်ပျိုးလာပြီး နှစ်စဉ်ဝင်ငွေများ တိုးတက်ကာ လူမှုဘဝများ တိုးတက်ပြောင်းလဲလျက်ရှိကြောင်း သိရသည်။

 

ဝမ်းတွင်းမြို့နယ်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးရေချိန်လက်မ လျော့နည်းစွာရရှိသော ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဝမ်းတွင်းမြို့နယ် ဒေသ၊ အရှေ့ဘက်ခြမ်း၊ ရိုးစုံကျေးရွာရှိ တောင်သူများနေဖြင့် နှစ်ရှည်သီးနှံအဖြစ် စိန်တစ်လုံးသရက် မျိုးများကို အဓိကစိုက်ပျိုးလျက်ရှိပြီး အခြားသောပန်းဆွဲ၊ ပတ္တမြားငမောက် သရက်မျိုးများကိုလည်း ကြားညှပ်စိုက်ပျိုးလျက် ရှိပါကြောင်း သိရသည်။ သရက်မျိုးများ အနေဖြင့်မြဝတီ သရက်ခြံမှ မှာယူစိုက်ပျိုးကြကြောင်း စိန်တစ်လုံး သရက်စိုက်တောင်သူ ဦးဖိုးဆယ်မှပြောပြသည်။

 

ဝမ်းတွင်းဒေသအတွင်းရှိ စိန်တစ်လုံးသရက် စိုက်တောင်သူများအနေဖြင့် ကိုင်းပျိုးပင်များကို အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့်နှစ်ချင်း သီးနိုင်သော ပျိုးပင်များဖြစ်ပြီး၊ စသီးတဲ့နှစ်တွင် အပင်လှီမှာဆိုး၍ အသီးမယူဘဲ(၂)နှစ်ကျော်(၃)နှစ်အတွင်း သီးသောအသီးများကိုသာ ယူကြကြေင်း၊ ကိုင်းကူးပျိုးများဟာဖြင့် အသီးမြန်ခြင်း၊ သရက်သီးများအနေဖြင့် အလုံးလှခြင်း၊ အလုံးအရေတွက် များခြင်း၊ ရောင်းတန်းဝင်အဆင့်ရှိ၍ ဈေးကောင်းများရကြောင်းလည်း သိရပါတယ်၊ သရက်စိုက်ပျိုးခြင်း အနေဖြင့် တစ်ပင်နှင့် တစ်ပင်(ပေခြား) (၂၅)ပေ ထားရှိပြီး၊ ပင်ကြားများတွင် သီးထပ်/သီးညှပ်အနေဖြင့် သပြေပင်၊ ငရုတ်၊ ပြောင်းဖူး၊ နှမ်းများကို စိုက်ပျိုးလျက်ရှိပြီး အဓိက သီးနှံအဖြစ် ငရုတ်နှင့်နှမ်းကို အဓိကထား စိုက်ပျိုးကြကာ ယခင်နှစ်က ငရုတ်တင်း(၄၀၀)ကျော် ရှိကြ၍ မိသားစုအပိုငွေများလည်း ရရှိကြောင်း သိရသည်။

 

စိန်တစ်လုံး သရက်စိုက်တောင်သူများ အနေဖြင့် မိမိတို့စိုက်ပျိုးသည့် အပင်အရေအတွက်၊ ဂရု စိုက်တဲ့အပေါ် မူတည်၍ အကျိုးအမြတ်များ ရရှိခြင်း၊ ကိုင်းကူးစိန်တစ်လုံး သရက်တစ်ပင်လျှင် (ပျမ်းမျှ) အလုံးရေ(၂၀၀)ကျော် သီးကြပြီး စိန်တစ်လုံး သရက်ပင် တစ်ပင်ဟာဖြင့် တစ်နှစ်ဝင်ငွေ (ပျမ်းမျှ) ကိုးသောင်းနှင့် တစ်သိန်းကြား ရရှိကြောင်း၊ ရာသီချိန်တွင် သရက်သီး အိတ်စွပ်တစ်လုံးလျှင် ကျပ်(၄၀၀ နဲ့ ၈၀၀)ကြား ရရှိပြီး ခြံအရောက်ခြံပြတ် အနေဖြင့် လာရောက် ဝယ်ယူကြသောကြောင့် တောင်သူများအနေဖြင့် နှစ်ရှည်သီးနှံစိုက်ပျိုးလျှင် စိန်တစ်လုံး သရက်မျိုးများကို ဦးစားပေး စိုက်ပျိုးသင့်ကြောင်း တောင်သူ ဦးဖိုးဆယ်မှ ဆက်လက်ပြောပြသည်။

ရဲမျိုးသက်(ပြန်/ဆက်)