ဝန်းသိုမြို့၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့အား လူထုထောက်ခံပွဲပြုလုပ်

articles_advs

ဝန်းသို ၁၂ ဒီဇင်ဘာ

မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆိုထားမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် သွားရောက်ဖြေရှင်းသည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့အား လူထုထောက်ခံပွဲကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပသည်။

အဆိုပါလူထုထောက်ခံပွဲသို့ ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာလေးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖ၊ ရပ်မိ၊ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၅၀၀ ခန့် တက်ရောက်ခဲ့ကြပြီး လွတ်လပ်ရေးကျောက်တိုင်ရှေ့စုရပ်မှ မြို့မစျေးတစ်ပတ် ချီတက်၍ ကြွေးကြော်သံများဖြင့် လူထုထောက်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျော်မြိုင်(ပြန်/ဆက်)