ဝန်းသိုမြို့နယ်တွင် Cash For Work စီမံကိန်းကျေးရွာ ၆ ရွာနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာ ၆ ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်

ဝန်းသို ၅ ဇူလိုင်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်၏ Covid-19 စီပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် Cash For Work စီမံကိန်းကျေးရွာ ၆ ရွာနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ကျေးရွာ ၆ ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

mdn

 

Cash For Work စီမံကိန်းကျေးရွာ ၆ ရွာ အကောင်အထည်ဖော်ရာတွင် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၁၀ဝ) စီ ထောက်ပံ့ပေးပြီး ကျေးရွာပြည်သူများ၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေကာ လုပ်အားခပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရန်အပြင် မိမိကျေးရွာ ဖွံ့ဖြိုးလာစေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းဆောင်ရွက်ရာတွင် လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးရရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စီမံကိန်းမတည်ရန်ပုံငွေကို Type-1 အနေဖြင့် အိမ်ခြေ(၁၀၁)အိမ်နှင့် အထက်အား ငွေကျပ် သိန်း (၃၀ဝ)၊ Type-2 အိမ်ခြေ (၅၁)အိမ်နှင့် (၁၀ဝ) ကြားကို ငွေကျပ်သိန်း (၂၀ဝ)၊ Type-3 အိမ်ခြေ (၅၀)နှင့်အောက် ငွေကျပ်သိန်း (၁၀ဝ)သတ်မှတ်၍ ခွဲဝေချထားမည်ဖြစ်ကာ ဝန်းသိုမြို့နယ်တွင် Type-1 ငွေကျပ်သိန်း (၃၀ဝ)ဖြင့် ကျေးရွာ (၅)ရွာ၊ Type-2 ငွေကျပ် သိန်း (၂၀ဝ)ဖြင့် ကျေးရွာတစ်ရွာ ခွဲဝေရရှိထားကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းစဉ်များအရ Cash For Work စီမံကိန်းဆောင်ရွက်ရန် TOT အွန်လိုင်းသင်တန်းကို ဇူလိုင် ၂ ရက်တွင် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်နိုင်ရန် ဇူလိုင် ၄ ရက်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ လည်းကောင်း အသီးသီးသင်တန်းပို့ချခဲ့ရာ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအားလုံး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)