ဝုလ်ဗာဟမ်တန် တောင်ပံကစားသမားထရာအိုရေးကို ခေါ်ယူဖို့ လီဗာပူး၊ မန်စီးတီးတို့နဲ့အပြိုင် မန်ယူ ကြိုးပမ်းလျက်ရှိ

၂၁  မေ

မန်ယူအသင်းဟာ ဝုလ်ဗာဟမ်တန်အသင်းရဲ့ တောင်ပံကစားသမား ထရာအိုရေးကို ခေါ်ယူဖို့အတွက်ပရီမီယာလိဂ် ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ လီဗာပူးအသင်း၊ မန်စီးတီးအသင်းတို့နဲ့အပြိုင် ကြိုးပမ်းလျက်ရှိပြီး လက်ရှိမှာ ထရာအိုရေးကို ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ထရာအိုရေးဟာ ယခုနှစ် ဘောလုံးရာသီမှာ ဝုလ်ဗာဟမ်တန် အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် လီဗာပူးအသင်း ဘယ်နောက်ခံကစားသမား အန်ဒီရောဘတ်ဆင်က ထရာအိုရေးကို ခေါ်ယူဖို့ လီဗာပူးအသင်းကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မန်ယူအသင်း၊ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမား ထရာအိုရေးဟာ တောင်ပံကစားသမားနေရာအပြင် ဗဟိုတိုက်စစ်မှူးနေရာမှာလည်း အကောင်းဆုံးကစားနိုင်သူ ဖြစ်ပါတယ်။

ထရာအိုရေးနဲ့ လက်ရှိစာချုပ်သက်တမ်းဟာ သုံးနှစ်ကျန်ရှိနေသေးပေမယ့် ဗိုလ်ဗာဟမ်တန်အသင်းအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် တောင်ပံကစားသမား ထရာအိုရေးကို ရောင်းချရဖို့လည်းရှိနေတာ ဖြစ်ပါတယ်။

ငွေကြယ်