ယာယီဓာတ်အား ပြတ်တောက်နိုင်မည် ဖြစ်ကြောင်း အများပြည်သူသို့ အသိပေး

ရန်ကုန် ၄ ဇူလိုင်

230kV သန်လျင်-ဒဂုံအရှေ့-ဧရာဝဏ်ဓာတ်အား လိုင်းတည်ဆောက်ခြင်းလုပ်ငန်းကို စီမံကိန်းမန်နေဂျာရုံး (၁)(ရန်ကုန်)မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ တိုင်အမှတ်(၁၅)မှ (၂၃)အကြား ဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်းကိုဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လွတ်ကင်းမှုမရှိသော (၆၆) ကေဗွီ၊ သာကေတ-အရှေ့ဒဂုံဓာတ်အားလိုင်းအား (၅.၇.၂၀၂၀)ရက်နေ့၊ (၉.၇.၂၀၂၀)ရက်နေ့နှင့် (၁၄.၇.၂၀၂၀)ရက်နေ့တို့တွင် (၀၉:၀၀) နာရီမှ (၁၄:၀၀)နာရီအချိန်အထိ ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ချိန်အတွင်း ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရန်အတွက် လုပ်ငန်း ဆောင်ရွက်ရမည့် ဧရိယာအပိုင်းကိုသာ Line Section ပိုင်းဖြတ်၍ လုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ ယာယီဓာတ်အား ပြတ်တောက်နိုင်မည် ဖြစ်ပါကြောင်း အများပြည်သူများထံသို့ အသိပေးပန်ကြားထားကြောင်း သိရသည်။

MDN