ယခုနှစ်ရဲ့  မယ်စကြဝဠာအဖြစ် တောင်အာဖရိကမယ် ဆွတ်ခူး

၁၀  ဒီဇင်ဘာ

ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲကြီးဖြစ်တဲ့ မယ်စကြဝဠာပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ကို လတ်တလောပြုလုပ်ခဲ့ရာမှာ ယခုနှစ်အတွက် မယ်စကြဝဠာအဖြစ် တောင်အာဖရိကကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဇိုဇီဘီနီတန်ဇီ က ဆွတ်ခူးရရှိခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၁၉ မယ်စကြဝဠာပြိုင်ပွဲကြီးကို ဒီဇင်ဘာ ၈ ရက်က ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ ပြုလုပ်ခဲ့တာပါ။ ဒီပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဆန်ခါတင်သုံးဦးအဖြစ် တောင်အာဖရိက အလှမယ်၊ ပေါ်တိုရီကို အလှမယ်နဲ့ မက္ကဆီကို အလှမယ်တို့ ရွေးချယ်ခံခဲ့ရပြီး အဲဒီသုံးဦးအနက် အသက် ၂၆ နှစ်အရွယ် တောင်အာဖရိကအလှမယ် က ယခုနှစ်အတွက် သရဖူကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါ။ 1 Runner Up အဖြစ် ပေါ်ရီကို အလှမယ်၊ 2nd Runner Up အဖြစ် မက္ကဆီကို အလှမယ်တို့က ဆွတ်ခူးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

တောင်အာဖရိကအလှမယ်က သူ့အနေနဲ့ ငယ်ရွယ်တဲ့အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုရရှိစေဖို့ရာ စွမ်းဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဒီလိုစွမ်းဆောင်နိုင်ဖို့ရာ လုပ်ပိုင်ခွင့်ရလိုကြောင်း သူ့ရဲ့ အပိတ်စကားပြောကြား တဲ့အချိန်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့လို အသားအရောင်၊ ဆံပင်ပုံစံ၊ ရုပ်ရည်မျိုးရှိသူတွေကို လှတယ်လို့ မြင်လေ့မရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ သူဟာ ရှင်သန်ကြီးပြင်းခဲ့ရတာဖြစ်ကြောင်း၊ ယခုအချိန်မှာ သူ့လိုအမျိုးသမီးတွေကို မလှဘူးလို့ ထင်သူတွေရဲ့ အမြင်တွေလည်း အနည်းငယ် ပြောင်းသွားနိုင်မယ်လို့ ထင်မိကြောင်းလည်း ပြိုင်ပွဲအပြီး မီဒီယာများနဲ့ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ယခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသား ဝတ်စုံဆုကို ဖိလစ်ပိုင်အလှမယ် ဂါဇီနီဂါနာဒိုစ်က ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။

အေးပြည့်