ယခုနှစ်တွင် ငရုပ်ကောင်းအထွက်နှုန်းကျဆင်းနိုင်ကြောင်း တောင်သူများခန့်မှန်း

mdn

ရေး ၁၈ နိုဝင်ဘာ 

ရာသီဥတုဖောက်ပြန်မှုကြောင့် ယခုနှစ်တွင် ငရုပ်ကောင်းအထွက်နှုန်းကျဆင်းမည်ဟု ခန့်မှန်း ထားကြောင်း ရေးမြို့နယ် ငရုပ်ကောင်းစိုက် တောင်သူများထံမှ သိရသည်။ 

 

စိုက်ပျိုးတောင်သူ ဦးစောလွင်က “ငရုတ်ကောင်းပုံမှန်ပန်းပွင့်တဲ့ ဇူလိုင်လမှာ မိုးရွာသွန်းမှု ပိုမိုအားကောင်းလာတဲ့အခါ ငရုတ်ကောင်းပန်းတွေကြွေကျပျက်စီးတာရယ်ကြောင့် ပုံမှန်ထွက်မယ့် အချိန်ကာလမှာ ယခင်နှစ်ထက် သုံးပုံမှာ တစ်ပုံလောက်သာထွက်ရှိတယ်’’ဟု  ဆိုသည်။

 

ယခုနှစ်တွင် ငရုပ်ကောင်းအဝင်မရှိသဖြင့် ကုန်ကြမ်းပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ယမန်နှစ် အတွင်းက ကုန်သည်အများစုက ဈေးကောင်းပေးသိုလှောင်ဝယ်ယူထားမှုများလည်းရှိသဖြင့် ဈေးကွက်အကျဘက်သို့ ဦးတည်လာသောအခါ ထိခိုက်မှုများရှိလာနိုင်ကြောင်း ကုန်သည်များက ဆိုသည်။

 

ရေးမြို့နယ်မှ ထွက်ရှိသည့် ငရုပ်ကောင်းများကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်အထိပါ တင်ပို့ရောင်းချလျက်ရှိနေရာ ပြီးခဲ့သည့်ရာသီက ငရုတ်ကောင်း ၁ ပိဿာလျှင် ကျပ် ၁၄၀ဝ၀ အထိရ ရှိနေကြောင်း သိရသည်။

နေမျိုးထွဋ်   (ရေး)