ယက္ကန်းစင်တောင်ဒေသ မဟာဘဒ္ဒမုနိစေတီယပူဇာ ဒုတိယအကြိမ် သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

မတ္တရာ ၁၈   ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာ၊ စဉ့်ကူး နှစ်မြို့နယ် ယက္ကန်းစင်တောင်ဒေသ သစ္စာနန္ဒဓမ္မစင်တာ မဟာဘဒ္ဒမုနိစေတီယပူဇာ ဒုတိယမအကြိမ် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက အဆိုပါ ဓမ္မစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

‌ေ

 

ရှေးဦးစွာ မဟာဘဒ္ဒမုနိစေတီတော်၌ ဘုရားအနေကဇာတင်မင်္ဂလာကျင်းပပြီး မတ္တရာ၊ စဉ့်ကူး နှစ်မြို့နယ်မှ ပင့်သံဃာအပါး (၁၀ဝ၀)တို့အား အရုဏ်ဆွမ်းဆပ်ကပ်ခဲ့သည်။ ထို့နောက် ပင့်သံဃာ အပါး(၁၀ဝ၀)တို့အား ဆရာတော်ဘုရာကြီး၏ တပည့်ဒါယကာများ၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့မှ ဌာဆိုင်ရာများ၊ အလှူရှင်များမှ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။ ထို့နောက် နံနက် (၉)နာရီအချိန်တွင် ဓမ္မာရုံတွင်း၌ အခမ်းအနားကိုကျင်းပရာ နမောတဿ သုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဆရာတော်ဘုရားကြီးထံမှ သီလခံယူဆောက်တည်ကြပြီး ဆရာတော်ဘုရားကြီးများမှ ပရိတ်တရားတော်များချီးမြှင့်ခဲ့သည်။ 

 

‌ေ

 

ဆက်လက်၍ အလှူရှင်များမှ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးထံ အလှူငွေများကိုလှူဒါန်းကြသည်။ ထို့နောက် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးမှ “မြတ်သောဒါန”ခေါင်းစဉ်ဖြင့် ဟောကြားတော်မူပြီးလှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

 

‌ေ

 

ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မတ္တရာမြို့နယ် စဉ့်ကူးမြို့နယ်တို့မှ ပင့်သံဃာအပါး(၁၀ဝ၀)၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက် ကုသိုလ်ယူခဲ့ကြကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)