ယနေ့ ဇူလိုင် ၄ ရက်တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၈၁၃ ဦး မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ဆက်လက်ဝင်ရောက်လာ

မြဝတီ ၄ ဇူလိုင်

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၁၃ ဦးတို့သည် ယနေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

 

ယနေ့ ပြန်လည်ဝင်ရောက်လာသူများကို ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာရာ မြဝတီခရိုင်တာဝန်ရှိသူများက မဲဆောက်ဘက်ခြမ်းသို့ မှန်လုံယာဉ်ကြီးများဖြင့် သွားရောက်ကြိုဆိုခဲ့ကြသည်။

 

ယနေ့ ပြန်လာကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှဖြစ်ကြပြီး အမျိုးသား ၄၅၇ ဦးနှင့် အမျိုးသမီး ၃၅၆ ဦး စုစုပေါင်း ၈၁၃ ဦး ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

 

မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၁၄၃၂ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူးစာရင်းမှ သိရသည်။

 

#မော်လမြိုင်သတင်းဌာနခွဲ

#MRTV