စားဖိုဆောင်သီးနှံ(ကြက်သွန်နီ) ပို့ကုန်မြှင့်တင်ရေး ဆွေးနွေးပွဲ မူဆယ်တွင် ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ၊ မင်္ဂလာမူဆယ်၊ မူဆယ်စီးပွားရေးဇုန်၊ နယူး စတားလိုက်(စ်) ကုမ္ပဏီအစည်းအဝေးခန်းမ၌ “စားဖိုဆောင်သီးနှံ(ကြက်သွန်နီ) ပို့ကုန်မြှင့်တင်ရေး ဆွေးနွေးပွဲ” အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမျိုးသူက အမှာစကား ပြောကြားရာတွင်  အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ပြုလုပ်ကျင်းပရခြင်း အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်စိုးစိုးလှိုင်က ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။ 

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ပြုံးပြုံးကြည်က စိုက်ပျိုးရေးဆိုင်ရာများကို ရှင်းလင်း တင်ပြခြင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဗိုလ်က အခွန်ဆိုင်ရာများကို အသေးစိတ် ဆွေးနွေးတင်ပြကာ ကြက်သွန်နီ ကုန်သည် ဦးစိန်အုံးမှ တရုတ်နိုင်ငံနှင့် ကြက်သွန်နီရောင်းဝယ်မှု အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေနွေးခဲ့ကြောင်း သိရသည်။

 

ဗန်ရိုးထန်(ပြန်/ဆက်)