ထိုင်းတော်ဝင်မင်းသမီး တက်ဆင်ပါတီရဲ့ ဝန်ကြီးချူပ်အဖြစ် ရွေးကောက်ပွဲဝင်မယ်

၈ ဖေဖော်ဝါရီ


တက်ဆင်ရှင်နပ်ဝပ်ထွာရဲ့ ပါတီ ဝန်ကြီးချုပ်လောင်းအဖြစ် ထိုင်းတော်ဝင်မင်းသမီးဟာ ရွေးကောက်ပွဲဝင်မယ့်အကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ 


ထိုင်းဘုရင်ရဲ့ အမတော် အသက်၆၇ နှစ်အရွယ် တော်ဝင်မင်းသမီး အူဘောရီတာနာ မဟိဒေါ ဟာ ထိုင်းရာဆက်ချက် (Thai Raksa Chart ) ပါတီရဲ့ ဝန်ကြီးချုပ်လောင်း အဖြစ် လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 


ထိုင်းရာဆက်ချက် ပါတီခေါင်းဆောင် က “တော်ဝင်မင်းသမီး ဟာ ပညာတတ်တစ်ယောက်ဖြစ်တယ်။ သူက ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်တာကို ပါတီအနေနဲ့ သဘောတူတယ်”လို့ ဆိုပါတယ်။ 


ဒီကနေ့မှာဘဲ ထိုင်းစစ်ခေါင်းဆောင် ပါရာဝပ် ချန်အိုချာ ကလည်း မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဝန်ကြီးချုပ်အဖြစ် ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေငြာခဲ့ပါတယ်။  ထိုင်းစစ်ခေါင်း ဆောင် ပါရာဝပ်ဟာ ထိုင်းနိုင်ငံကို နှစ်ပေါင်း ၅ နှစ်နီးပါး အုပ်ချုပ်နေပြီး ထိုင်းနိုင်ငံဖွဲ့စည်းပုံသစ်ကို ရေးဆွဲကာ  မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လုပ်ဆောင်ထားတယ်လို့ AFPသတင်းမှာ ရေးသားထားပါတယ်။ 


၁၉၅၁ ခုနှစ်ဖွား တော်ဝင်မင်းသမီးဟာ ၁၉၇၂ ခုနှစ်မှာ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ပြီး တော်ဝင်မင်းသမီးရာထူးကို စွန့်လွတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားနဲ့ လမ်းခွဲခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ထိုင်းတော်ဝင်မိသားစုဘဝကို ပြန်လည် ရယူခဲ့ပါတယ်။ သားသမီး ၃ ဦးရှိပြီး တစ်ဦးက ၂၀ဝ၄ခုနှစ် ဆူနာမီ ငလျင်မှာ သေဆုံးခဲ့ပါတယ်။ ကျန် သားသမီး၂ ဦးက အမေရိကန်နိုင်ငံမှာ လက်ရှိနေထိုင်ဆဲဖြစ်ပါတယ်။ 


ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုနစ်ကစပြီး စည်းမျဉ်းခံဘုရင်စနစ်ကိုစတင် ကျင့်သုံးလာရာ တော်ဝင်မိသားစုဟာ နိုင်ငံရဲ့ အကြီးအကဲရာထူး ယူခြင်းမရှိတော့တာဖြစ်ပါတယ်။ 
MDN
ကိုးကား - AFP