သရက် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်မြို့နယ် မီးသတ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက သရက်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးအသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ထူးစတား စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။
ထူးစတား စက်သုံးဆီအရောင်းဆိုင်တွင် မီးသတ်ဆေးဘူးအသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးပေးခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်(ပြန်/ဆက်)


