မိတ္ထီလာ ဇန်နဝါရီ ၁၈

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည်။

 

အဆိုပါ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းတွင် ဈေးရုံများအားမီးငြှိမ်းသတ်ရေးယာဉ်များမှ မီးသတ်ရေပိုက်များ အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကြီးအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများက စုပေါင်းဆောင်ရွက်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)