ပွင့်ဖြူ ဇန်နဝါရီ ၁၈

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဇန်နဝါရီ ၁၃ ရက်‌က အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ KG ကျောင်းသား ကျောင်းသူများအား အာဟာရရှိသောအစားအစာများ ချက်ပြုတ်ကျွေးမွေးသည်။

 

ထိုသို့ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်နှင့် အဖွဲ့ဝင်များနှင့်အတူ ကျောင်းသားကျောင်းသူများကို အစာမစားမီနှင့် အစာစားပြီးချိန်တွင် လက်ကို စနစ်တကျ ဆေးကြောနည်း စနစ်များကို လက်တွေ့သရုပ်ပြသပြီး အာဟာရရှိသော ထမင်းဟင်းများနှင့် အသီးအနှံများကို စနစ်တကျ ကျွေးမွေးသည်။

 

အဆိုပါ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုအဖြစ် ထမင်းဟင်းများ၊ စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေးခြင်းတို့ကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၃၀ မှ KG ကျောင်းသား ကျောင်းသူ ၅၂၃ ဦးကို (၈)ကြိမ်အထိ ကျွေးမွေးဆောင်ရွက်သွားမည်ဖြစ်ရာ ယခု (၆)ကြိမ်မြောက် ကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)