မြဝတီ    ဇန်နဝါရီ    ၁၈

ကရင်ပြည်နယ်  မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးရှိ ဒေါ်ညွန့်ရီစတိုးဆိုင်ရှေ့နှင့် ရတနာထွန်းရွှေဆိုင်ရှေ့တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က  မိုင်းဟုယူဆရသော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်သူငါးဦးအား  ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်တို့က မိုင်းဟုယူဆရသော ပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးသူပြည်သူတစ်ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀၊ ဒဏ်ရာရရှိသူ ပြည်သူလေးဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၂၀၀၀၀၀၊ ပြည်သူငါးဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၀၀၀၀၀ ကို   ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                                                

ဆောင်းနှင်းဖြူ(ပြန်/ဆက်)