သာပေါင်း ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ရုံးပင်ကျေးရွာအုပ်စု ရိုးဝကျေးရွာ အသုတ်-စက်ဒေါင့်ကြီးကားလမ်းမဘေးတွင် “မယ်ထွေးလေး” ဆန်စက်တွင် ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စက်ဒေါင့်ကြီးနယ်မြေ မီးသတ်စခန်းတာဝန်ခံ ဦးဝေယံစိုး ဦးဆောင်၍ နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်နှင့် လျှပ်စစ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆန်စက်အတွင်း လျှပ်စစ်ဝိုင်ယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှု မီးသတ်ဆေးဘူးများ လုံလောက်စွာ ထားရှိရေးနှင့် ရေလုံလောက်စွာ ထားရှိရေး၊ ဆန်စက်ပတ်ဝန်းကျင် အမှိုက်များ ကင်းစင်ရေး စစ်ဆေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းထက်သာ


