ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ကျင်းပသည့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများသုံးစွဲခြင်း၏ ဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်က အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် သူနာပြုဆရာမ ဒေါ်ရွှေစင်ဝင်းက ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်လေးများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အပါအဝင် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကျေးကျွန်များဘဝ မရောက်ရှိစေရေး စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


