နေပြည်တော် ဇန်နဝါရီ ၁၉
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing )ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့ တင်ပြလျှောက်ထားခြင်းကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်သည်။
ရှေးဦးစွာ မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper က အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ဟုဆိုကာ တပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိရွာများ အထူးသဖြင့် မင်းကြီး၊ ချွတ်ပြင်၊ မောင်နုရွာများကို စစ်ဆင်ပုံ (Pattern of Conduct) အား တစ်ပုံစံတည်း ဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာက စွပ်စွဲမှုနှင့်ပတ်သက်၍ တုံ့ပြန်ချေပပြီး မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker က ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက်အထားများနှင့် ပတ်သက်၍ တုံ့ပြန်ချေပခဲ့ကြောင်း သိရသည်။ (၎င်းတို့နှစ်ဦး၏ တုံ့ပြန်ချေပ လျှောက်လဲချက်များကို သီးခြားဖော်ပြထားပါသည်။)
သတင်းစဉ်


