အထက်မင်းလှ ဇန်နဝါရီ ၁၉ 

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိမူရေး လှည့်လည်ဆော်သြခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးမှူး ဦးကျော်စိုးလင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဟိန်းထက်အောင်နှင့် တပ်ဖွဲ့ဝင်များက ရပ်ကွက်များရှိ လူနေအိမ်များတွင် မီးလောင်မှု/မီးလန့်မှုမဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များကို မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး လှည့်လည်သတိပေးဆော်သြခဲ့ကြကြောင်း သိရသည်။

ကိုခန့်