ပုသိမ် ဇန်နဝါရီ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ကာကွယ်ဆေး ထိုးလုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၁၈၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)