ဒေးဒရဲ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းနှင့် လူမှုဝန်ထမ်းရုံးတို့၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
မူလတန်းကြိုကျောင်းနှင့် လူမှုဝန်ထမ်းရုံးတို့တွင် လက်ထောက် မီးသတ်ဦးစီးမှူး ဦးကျော်ဇောလင်းနှင့် တပ်ဖွဲ့ဝင်များက လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်းရှိ စာသင်ခန်းများနှင့် ကျောင်းဝင်းနှင့် ရုံးဝင်းအတွင်း မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးထားရှိမှုများကို စစ်ဆေးပြီး အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက စနစ်တကျမီးငြှိမ်းသတ်ရမည့် နည်းလမ်းများအား လက်တွေ့မီးငြှိမ်းသတ် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းကိုအောင်


