အုတ်ဖို ဇန်နဝါရီ ၂၂

 

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မြို့တော်ခန်းမ၌ ပြုလုပ်သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းနှင့် ဝန်ထမ်းများက အုတ်ဖိုမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စုဇယားပုံစံ(၆၆/၆)မှာ ပါရှိပြီး အသက် (၁၈)နှစ်ပြည့်ကာ မှတ်ပုံတင်မပြုလုပ်ရသေးသည့်သူများ၊ (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) မည့်သူများကို ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ကာ မဲပေးနိုင်ရေးအတွက် နေ့ချင်းပြီး ပြုလုပ်ပေးလျက်ရှိပြီး လုပ်ဆောင်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)