အောင်လံ   ဇန်နဝါရီ    ၂၂

မကွေးတိုင်းဒေသကြီး အောင်လံမြို့ပေါ် ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတိမူရေး လှည့်လည်ဆော်သြခြင်းကို ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီက ဆောင်ရွက်ခဲ့သည်။

 မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး  ဦးဝေဖြိုးထက်နိုင်နှင့်  တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင်  မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ စည်ကမ်းချက်များကို  လိုက်နာဆောင် ရွက်စေရေး လှည့်လည်သတိပေး ဆော်သြခဲ့ကြောင်း သိရသည်။                                                                             

ကိုခန့်