ပဲခူး ဇန်နဝါရီ ၂၂

 

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၀ ရက်က ပဲခူးမြို့ပေါ် ရပ်ကွက်များနှင့် သနပ်ပင်မြို့နယ်ရှိ မြို့မစျေးအတွင်း စားအုန်းဆီရောင်းချနေမှုများကို သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိ၊ မရှိ ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုး၊ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမိုးသက်၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူများအား စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏ မှန်ကန်မှု ရှိ၊ မရှိ မြို့ပေါ်ရပ်ကွက်များရှိ လက်ကား/လက်လီကိုယ်စားလှယ် အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)