နတ်တလင်း ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ စားသုံးဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၀ ရက်က ဆောင်ရွက်သည်။
ပြည်ပမှတင်သွင်းလာသော စားသုံးဆီများသတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ရည်ညွှန်းစျေးနှုန်းအတိုင်း နေ့စဉ် ဗီနိုင်းချိတ်ဆွဲရောင်းချစေရေး၊ အလေးချိန် ပြည့်မီရေးနှင့် ရည်ညွှန်းစျေး ပေါ်မူတည်၍ စျေးနှုန်းမြှင့်ရောင်းချမှုမပြုရန်နှင့် ဆီထုတ်ကိုယ်စားလှယ်က သတ်မှတ်စျေးနှုန်းအပေါ်တွင်သာ ရောင်းချရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


