ပဲခူး ဇန်နဝါရီ ၂၂

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မယင်းကျေးရွာ မယင်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ အသင်းသား ဦးအောင်ကိုမင်း စိုက်ပျိုးသော လယ်မြေ ၁၀ ဧက၌ ရေဆင်းပေါ်ဆန်း(၂) မျိုးစပါးကို အစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

အဆိုပါမျိုးစပါးစိုက်ပျိုးခြင်းကို သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများ၊ နွေစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများ တက်ရောက်ကြည့်ရှုကြသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ဝေါမြို့နယ် ဧကရာဇ်ကျေးရွာ ဧကရာဇ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်၏ အသင်းသား ဦးကျင်သန်း၏ လယ်မြေတွင် ရေဆင်းပေါ်ဆန်း (၂) မျိုးစပါးစိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)