တောင်ကြီး ဇန်နဝါရီ ၂၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်း လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းနှင့် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ ပင်မြင့်စံငွေစုငွေချေး သမဝါယမအသင်းတို့မှ ဆောင်းနေကြာ ရုရှားမျိုးစိုက်ပျိုးထားမှုများကို ဇန်နဝါရီ ၂၃ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုး၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ရုရှားနေကြာမျိုး စိုက်ပျိုးထားရှိသည့် အသင်းသားများအား အပင်ပေါက်နှုန်းကောင်းမွန်စေရေး အစိုဓာတ်ရရှိရန် ရေသွယ်တန်းမှုနှင့် အပင်ပေါက်ရန် လိုသလောက်ရေရရှိရေး ထိန်းညှိပေးရန် မှာကြားပြီး စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးထားရှိမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝိုးတောင်း