မြစ်ကြီးနား ဇန်နဝါရီ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁)၊ (၂)၊ (၃) အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုများအတွက် လိုအပ်သည့် နည်းပညာများအပြင် အဘက်ဘက်မှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် (MEVM) ဆိုင်ရာ နည်းပညာအထောက်အကူပြု အဖွဲ့များအား ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့ ငါးဖွဲ့အတွက် ငွေကျပ် ၁၄၃၀၀၀၀ ကို ဂုဏ်ပြုချီးမြှင့်သည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပခဲ့သည့် ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ ဖားကန့်မြို့နယ်တို့မှရရှိသည့် ခိုင်လုံဆန္ဒမဲများကို လွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲစာရင်းပုံစံများ ပြုစုဖြည့်သွင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


