မန္တလေး ဇန်နဝါရီ ၂၆
အိန္ဒိယနိုင်ငံ၏ (၇၇)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ibis Style Hotel ၌ ယနေ့ညနေပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နှစ်နိုင်ငံချစ်ကြည်ရေး နိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုကာ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal က အိန္ဒိယနိုင်ငံ၏ အမျိုးသားနေ့နှင့် ပတ်သက်၍ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံ၏ (၇၇)နှစ်မြောက် အမျိုးသားနေ့အတွက် ဂုဏ်ပြုစကားနှင့် နှစ်နိုင်ငံအကြား ပိုမိုချစ်ကြည်ရင်းနှီးမှုများ ဆတက်ထမ်းပိုး ခိုင်မြဲပါစေကြောင်း ဆုမွန်ကောင်းတောင်းစကားများ ပြောကြားပြီး အိန္ဒိယယဉ်ကျေးမှုအဖွဲ့များက အိန္ဒိယနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အကများနှင့် တေးသီချင်း သီဆိုမှုများဖြင့် ဂုဏ်ပြုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


