ဟုမ္မလင်း ဇန်နဝါရီ  ၂၆

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်ဆု ချီးမြှင့် အပ်နှင်းခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီခွဲက ဟုမ္မလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယခုကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်အပ်နှင်းရာတွင် ဟုမ္မလင်းမြို့နယ်အနေဖြင့် ဌာနဆိုင်ရာ အရာထမ်း သုံးဦးဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဥပဒေအရာရှိစသည့် မြို့နယ်အဆင့်အရာထမ်း သုံးဦးအား    ဂုဏ်ထူးဆောင်ဆု   ချီးမြှင့်အပ်နှင်းခြင်းဖြစ်ရာ   ဦးစော လင်းအောင် (မြို့နယ်ဥပဒေအရာရှိ ၊ အဖွဲ့ဝင် ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲ ရေးကော်မတီ) အား စစ်ကိုင်းတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စီမံခန့်ခွဲရေးလုပ်ငန်းများကို စံပြုထိုက်အောင် စွမ်းစွမ်းတမံဆောင်ရွက် ခဲ့သည့်အတွက်    စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးမြတ်ကျော် (ကိုယ်စား) ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က ဇေယျာစီမံ ထူးချွန်ဆု(ဒုတိယအဆင့်)ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

                           

မင်းမင်းလတ်(ရူပဗေဒ)