မအူပင် ဇန်နဝါရီ ၂၆

 

ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ Polytechnic University (Maubin) ၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ Polytechnic University (Maubin) ၏ ပါမောက္ခချုပ် ဒေါက်တာ သန္တာသိန်းက အင်ဂျင်နီယာဘွဲ့များဖြစ်သည့် အင်ဂျင်နီယာဘွဲ့ (မြို့ပြ) ၂၅ ဦး၊ အင်ဂျင်နီယာဘွဲ့ (အီလက်ထရွန်နစ်) ၂၁ ဦး၊ အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား) ၁၃ ဦး၊ အင်ဂျင်နီယာဘွဲ့ (စက်မှု) ငါးဦး စုစုပေါင်း ၆၄ ဦးနှင့် အဝေးရောက်ဘွဲ့ နှစ်ဦးတို့ကို ဘွဲ့များအပ်နှင်းချီးမြှင့်သည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် ကွန်ပျူတာဘွဲ့များဖြစ်သော ကွန်ပျူတာသိပ္ပံဘွဲ့ ၂၉ ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ ၁၅ ဦး စုစုပေါင်း ၄၄ ဦးနှင့် အဝေးရောက်ဘွဲ့ ၁၁ ဦး တို့ကိုသက်ဆိုင်ရာဘွဲ့များကို အပ်နှင်းချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)