တောင်ငူ ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် နည်းပညာတက္ကသိုလ် (တောင်ငူ)၌ (၉)ကြိမ်မြောက် မဟာအင်ဂျင်နီယာဘွဲ့နှင့် အကြိမ် (၂၀)မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယ ပါမောက္ခချုပ်က မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ ၁၈ ဦးနှင့် အင်ဂျင်နီယာဘွဲ့ရရှိသူ ၁၁၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်သူ ၁၃၄ ဦးအား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်း၍ ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ခရိုင်(ပြန်/ဆက်)


