တောင်ငူ ဇန်နဝါရီ ၂၇

 

ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ လုပ်ငန်းအရည်အသွေး ထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေပိုလျှံ (GRF)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖြူးမြို့နယ် ဝဲဒေါင့်- မင်းကံရိုးလမ်း (ဝ/ ၆.၇မိုင်) ကျောက်လမ်း ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ တောင်ငူမြို့နယ် အင်ဒိုင်း-ချောင်းဖြူ-ပဲချက်ကုန်းလမ်း (၀/၂.၅မိုင်) ကျောက်​ချောခင်းခြင်းလုပ်ငန်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု၊ ရေတာရှည်မြို့နယ်အတွင်း သပြေတန်း-ထန်းကုန်း-ဇလုပ်ကြီးလမ်းပေါ်ရှိ ရွာဝင်တံတား သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)