ဘိုကလေး ဇန်နဝါရီ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ သဘာဝဘေး ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၆)ကို ဇန်နဝါရီ ၂၆ ရက်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

 

ရှင်းလင်းပြောကြား

ဦးစွာသင်တန်းတွင် ဖျာပုံခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးက အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သဘာဝဘေး ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ လိုအပ်သည့်ပစ္စည်း ကိရိယာများကို တပ်ဆင်အသုံးပြုသည့် နည်းလမ်းများ အစရှိသည်တို့ကို ဆက်လက်သင်ကြားပို့ချမည်ဖြစ်ရာ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

မင်းထက်သာ