ပြင်ဦးလွင် ဇန်နဝါရီ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြင်ဦးလွင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က အမှာစကား ပြောကြားပြီး သင်တန်းသူတစ်ဦးအား ကုန်ကြမ်းပစ္စည်းများကို ပေးအပ်သည်။
အဆိုပါ သင်တန်းတွင် ကွတ်ကီး၊ Butter Sponge Cake ၊ Chiffon ကိတ်၊ မွေးနေ့ကိတ်၊ ချောကလက် ကိတ်၊ Cheese ကိတ်၊ ခေါက်ကိတ်၊ Soft Bread ၊ Slide Bread၊ Cup Cake၊ Banana Cake၊ ပီဇာ၊ ပဲမဲပေါင်မုန့်၊ ကြက်ဥပူတင်းပေါင်မုန့်၊ ကြက်မျှင်ပေါင်မုန့် အမျိုးမျိုးစသည့် ဈေးကွက်ဝင် ထုတ်ကုန်များကို သင်ကြားပေးမည့်အပြင် Food Safety၊ Quality Control ဆိုင်ရာများ၊ လုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သည့် ဈေးကွက်ဆိုင်ရာ သဘောတရားများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များကို ခုနစ်ရက်ကြာ ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


