တောင်ကြီး ‌ဇန်နဝါရီ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ဘုရားငါးဆူကျေးရွာရှိ ချယ်ရီမြေ စိုက်ပျိုး‌ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်က ဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁) စိုက်ပျိုးထားရှိမှုနှင့် ကျောက်နီကျေး‌ရွာအုပ်စု ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်း လယ်‌ယာနှင့် အထွေထွေစီးပွား‌ရေးသမဝါယမအသင်းက ရုရှားနေကြာ (Ipolit/ Valkun OR) မျိုး စိုက်ပျိုးထားရှိမှုနှင့် မြေဩဇာ Super nitrogen ၊ Florata ပက်ဖျန်းမှု အခြေအနေများကို ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက စိုက်ခင်းကို ကြည့်ရှုရာတွင် အပင်ပေါက်နှုန်းအား ကောင်းမွန်စေရေး၊ လိုအပ်သည့် အစိုဓာတ်ရရှိရန်အတွက် ရေသွယ်တန်းမှု၊ စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးထားရှိမှု ရှိ/မရှိ ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဝိုးတောင်း